見出し画像

ポートフォリオサイトリニューアル | Portfolio Website Renewal လုပ်ဖြစ်

Spring Semester ကလည်းပြီးသွားပြီ။ Summer Break ရောက်ပြီဆိုတော့ စာတမ်းအတွက်လုပ်တာက လွဲပြီး ကျန်တာ ထွေထွေထူးထူးလုပ်စရာမရှိတော့ ဒီနေ့ Portfolio ကို ပြန်ထိဖြစ်တယ်။

ဘာကြောင့် Portfolio Website ကို Renewal လုပ်ဖြစ်သွားတာလဲ။

ဒီရက်ပိုင်း Service Design နဲ့ Business Design စာအုပ်တွေလည်း ဖတ်ဖြစ်နေတော့ Service designer တွေရဲ့ Portfolio တွေက ဘယ်လိုရှိလဲဆိုတာကို လေ့လာပြီး Reference ယူပြီး Portfolio ကို ပြင်ဖို့ Plan လုပ်ရပြန်တယ်။ ဒီနေ့ကတော့ Home Page ပြီးပြီ။ နောက်နေ့ကျရင်တော့ ကျန်တဲ့ Project detail page တစ်ခုချင်းစီကို လိုက်ပြင်ရုံပဲ။ အခု Home Page မှာ Project ၁၂ ခုလောက် List လုပ်ထားပေမယ့် Project ၈ ခုလောက်ပဲ အများဆုံး ပြမယ်။ (တကယ်က အနည်းဆုံး ၃ ခုကနေ အများဆုံး ၆ ခုဆိုရင်ကို လုံလောက်ပြီ)။ ဆိုတော့ နောက် ၄ ခုလောက်လျော့ရဦးမယ်။ (Research project လည်း တခုမှ မဖြုတ်ချင်ဘူး)

ဘာတွေထွေထွေထူးထူးပြောင်းသွား?

New Version မှာ Banner Image ကို ဖြုတ်လိုက်တာရယ်။ Case Study Project တွေကို Table Feature က Properties တွေကို သေချာသုံးပြီး Old version ထက် Project အသစ်ထည့်တဲ့အချိန်မှာ fast, efficient, effective, and productive ဖြစ်ရမယ်ဆိုတဲ့ Concept ကို အလေးပေးထားတယ်။ ပုံမှန် Project အသစ်ထည့်တိုင်း Thinking Process တွေကို ရှည်လျားထွေးပြားနေအောင် ရေးရတာရယ်။ Process flow တွေ၊ diagram တွေ၊ mapping တွေ၊ UI screens တွေဆွဲပြီး ထည့်နေရတာတင် အလုပ်ရှုပ်နေတာဆိုတော့။

အောက်မှာ Old vs New Version အပေါ် အမြင်လေးကို အတိုချုပ်လိုက်ပါတယ်။

Comparison of Old & New Portfolio Project


Old Version

  • Project အသစ်တစ်ခုထည့်တိုင်း Cover Image တွေကို ပြင်ရတာနဲ့ cover image မှာ ထည့်မယ့်စာတွေအတွက်ပြန်လုပ်ရနဲ့ တော်တော်အချိန်ယူရတယ်။

  • Old project တွေကို remove လုပ်မယ်ဆိုရင် Home page မှာ အဲ့ Project နဲ့ဆိုင်တဲ့ Image, Title, Description, Button တစ်ခုချင်းစီကို Remove လုပ်ရတယ်။

  • New project ထည့်မယ့်ဆိုရင်လည်း အဲ့ project အတွက် Cover image အပြင် image မှာ သုံးမယ့် Text ကိုပြင်ရတယ်။ Project title, description, button တစ်ခုချင်းစီကို လုပ်ပြီး Link တွေကို Manually Link သွားလုပ်ရတယ်။

  • New version ထက် visually aesthetic ဖြစ်ပေမယ့် အပေါ်က ပြောသွားတဲ့ အချက်တွေလိုမျိုး Project အသစ်တစ်ခုထည့်တိုင်း ဖြုတ်တိုင်း efficient, effective and productive မဖြစ်နေဘူး။

New Version

  • Cover image မှာ စာတွေမပါတော့တဲ့အတွက် image ကိုလည်း Edit လုပ်စရာမလိုတော့။ စာလည်း ပြင်စရာမလိုတော့။ Image ကို ဒီတိုင်းသုံးလို့ရ။

  • ကိုယ်မလိုတဲ့ Project ကို ဖြုတ်ချင်တယ်ဆိုရင် ဆိုင်ရာ Page ကို Unpublish လုပ်ရုံပဲ။

  • New project ထည့်မယ်ဆိုရင် Table feature ကိုသုံးထားတာမို့လို့ “New” button ကိုနှိပ်ရုံနဲ့ Page တစ်ခုကို Create ပြီးသားဖြစ်။ Cover image upload လုပ်၊ title, description တွေကိုထည့်ပြီးရင် Home page မှာ လာပေါ်နေမယ်။ Old Version လိုမျိုး တကူးတက သွားပြီး Create လုပ်ပြီး maually link သွားချိတ်စရာမလို။

  • “Table” feature က “Tag” function ကိုသုံးထားတာမို့လို့ ကိုယ်ပြချင်တဲ့ Project ပေါ်မူတည်ပြီး Tag တွေကို Filter လုပ်ပြီး ပြချင်တာပြ၊ မပြချင်တာ Hide ရုံပဲ။ Old version လို မပြချင်တဲ့ဟာကို တကူးတက manually သွားဖျက်စရာမလိုသလို၊ ပြချင်တဲ့အချိန်ဆိုရင်လည်း ပြန်သွားထည့်စရာမလို။


この記事が気に入ったらサポートをしてみませんか?