1 日目: 12週間で1,280個のIELTS単語を学習するシリーズ | Day 1: Learn 1280 IELTS Vocabularies with Me within 12 Weeks Series
Hi There!
ဒီနေ့ကနေစပြီးတော့ IELTS Vocabularies တွေကို Xin နဲ့ အတူလေ့လာလိုက်ကြရအောင်။ ဒီ Vocabularies တွေကို စပြီး လေ့လာဖို့ဆုံးဖြတ်လိုက်တာက အခုလက်ရှိရှိနေတဲ့ English 4 skills ထက် ပိုကောင်းအောင်လုပ်ချင်တာလည်းပါပါတယ်။ နောက်ပြီး Acamedic writing ပိုင်းကို ပိုကျွမ်းအောင်လုပ်ချင်လို့ပါ။
Xin နဲ့ အတူ တစ်ရက် ၁၅ လုံး ကိုမှ ၁၂ ပတ်အတူတူလေ့လာကြရအောင်။ လေ့လာဖြစ်တယ်ဆိုရင် Comment မှာ ဒီိနေ့ လေ့လာပြီးကြောင်း Comment မန့်ပေးပါနော်။ Let's grow together.
Date: 2024/08/12 (Day 1)
Vocab: No 1 - 15
Learn Learn 1280 IELTS Vocabularies with Me within 12 Weeks Series နဲ့ပတ်သက်သမျှ Post တွေကို အောက်ပါ Link ကနေ ဖတ်ရှုနိုင်ပါတယ်။
1. hasten :
အလျင်အမြန် လှုပ်ရှား ဆောင်ရွက် သည်(Eg: I have some news for you— good news/I hasten to add.)
2. hasty :
အလောတကြီး၊ ကတိုက်ကရိုက်ဖြစ်သော(Eg: a hasty departure/meal/farewell.)
3. urge something to do :
တစ်ခုခုလုပ်ဖို့ တွန်းအားပေး။ တိုက်တွန်းသည်။
4. curse :
ကျိန်ဆဲသည်(Eg: I cursed her for spoiling my plans.)
5. swear :
ဆဲသည်၊ တိုင်တည်သည်၊ သစ္စာဆိုသည်(Eg: He had to swear that his story was true)
6. provoke :
ရန်စသည်၊ တုံ့ပြန်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်စေသည်(Eg: Mind you. That dog is very dangerous when provoked)
7. thought-provoking article :
စဉ်းစားမိအောင်စေ့ဆော်ပေးသော ဆောင်းပါး
8. preach at/ to something :
ဟောပြောသည်၊ ဆရာလုပ် သည်၊ (Eg: He was always preaching about the benefits of exercise and fresh air)
9. boast about/ of :
ကြွားဝါသည်/ ခြင်း၊ မိမိကိုယ်ကို အမွှမ်းတင်ပြောဆိုသည်(Eg: Nobody should boast of his knowledge.)
10. forfeit :
ဒဏ်ကြေး၊ အဆုံးခံရသည်၊ လက်လွှတ်ရသည်(Eg: If you continue teasing your friend, you will forfeit the good opinion of your friend)
11. applaud :
လက်ခုပ်သြဘာပေးသည်(Eg: Applaud include the appreciation but clap is just clap)
12. catch up on :
မပြီးပြတ်သေးသော အလုပ် အတွက် အချိန်ပိုလုပ်သည်၊ မသိခဲ့သည်များကို သိအောင် လုပ်သည်
13. catch up with :
ကျော်တက်နိုင်သည်၊ အမီလိုက်နိုင်သည်
14. snatch :
ဆတ်ခနဲ ဆွဲယူသည်၊ လုယူသည်၊ ဆတ်ခနဲ ဖယ်သည်၊ ရုပ်သည်(Eg: He snatched up the gun and fired.)
15. grasp :
ဆုပ်ကိုင်သည်၊ အမိအရ ယူသည်၊ မလွတ်စတမ်း အသုံးချသည်၊ နားလည် သဘောပေါက်သည်(Eg: A man who grasps at too much may lose everything)
Learn Learn 1280 IELTS Vocabularies with Me within 12 Weeks Series နဲ့ပတ်သက်သမျှ Post တွေကို အောက်ပါ Link ကနေ ဖတ်ရှုနိုင်ပါတယ်။