見出し画像

ゆうちょ銀行の利用経験 | Japan Post Bank သုံးရတဲ့ Experience

Japan Post Bank မှာ လွန်ခဲ့တဲ့ ၆ နှစ်ကဖွင့်ထားတဲ့ ဘဏ်အကောင့် အခုပိတ်သွားလား ဘာလားကို သိချင်တာတော့ Taenchoufu branch မှာ ဝင်မေးလိုက်တယ်။ အဲ့မှာ ဖြည့်ရမယ့်ဖောင်ဘာညာဖြည့်ပြီးနတော့ သူတို့ Result ကို စာတိုက်ကနေ ပို့မယ်ဆိုပြီးပြောတယ်။ တကယ်ဆို သူတို့ core banking system ထဲမှာ နာမည်ခေါက်ပြီး ရှာလိုက်လို့ရတာကို။ အစကထင်တာ Yoma Bank မှာတုန်းက Banking ကိစ္စတွေဆို တော်တော်ကြာမယ်ထင်ထားတာ။ အခုက မြန်မာထက်ကို အရာရာတိုင်းက ပိုကြာနေတယ်။ 

၂ ပတ်လောက်စောင့်တယ် စာတိုက်ကနေ စာက မလာသေးဘူး။ အဲ့တာနဲ့ နောက်နေ့ ကျောင်းသွားရင်း Mita branch တွေ့တာနဲ့ account active ဖြစ်သေးလား ဘာလား မမေးတော့ဘဲ card နဲ့ passbook ပျောက်သွားတယ်ပဲပြောပြီး ရှည်လျားထွေပြားနေတဲ့ ဖောင် ၅ စောင်ဖြည့်လိုက်ရတယ်။ Name ရော Address ရော Change လိုက်ပါတယ်။ ပုံမှန်အားဖြင့် ကတ်ရဖို့ကို ၃ ပါတ်ကနေ ၄ ပါတ်လောက်စောင့်ရပါတယ်။  

ဂျပန်မှာက နာမည်ပြောင်းတာဖြစ်ဖြစ်၊ လက်မှတ်ပြောင်းတာဖြစ်ဖြစ်၊ နေရပ်လိပ်စာပြောင်းတာဖြစ်ဖြစ် သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေမှာသွားပြီး လုပ်စရာရှိတာတွေလုပ်ရပါတယ်။ (Residence card တို့၊ My Number card တို့၊ Health Insurance Card တို့) ပြီးရင် နောက်တစ်ဆင့်အနေနဲ့ Bank တွေမှာလည်း 
၁) နာမည်ပြောင်းကြောင်း
၂) နေရပ်လိပ်စာပြောင်းကြောင်း
၃) လက်မှတ်ပြောင်းကြောင်း
စသဖြင့် လုပ်စရာရှိတာတွေကို လုပ်ရပါတယ်။ 

Bank ခွဲမှာ လုပ်စရာတွေအကုန်လုပ်ပြီး ၁ နာရီလောက် စောင့်လိုက်ရတယ်။ သူတို့ဖက်ကလည်း ဟိုဖြည့်ဒီဖြည့်နဲ့ နောက်ဆုံးပြီးတော့ ဘာပြောလဲဆိုရင်

  • Card က post mail တစ်ခု

  • Passbook က post mail တစ်ခု

  • Pin Code အတွက် post mail တစ်ခု

ကို နောက် ၃/ ၄ ပါတ်အတွင်းရမယ်ဆိုပြီး ပြောပါတယ်။ 

အနှစ်ချုပ်အနေနဲ့ပြောပါဆိုရင် ဒီမှာက အရာရာတိုင်းကို စနစ်ကျအောင်ဆိုပြီး လုပ်ရင်း စနစ်မကျဖြစ်နေတာ။ Digital ကလည်းပြောင်းချင် Analog တွေကိုလည်း မလွှတ်နိုင်နဲ့။ 


Japan Post Bank Apps

နောက်တစ်ခုက Apps တွေ တော်တော်များတာ။ အောက်ကပုံကိုပဲ ကြည့်တော့ Bank တစ်ခုတည်းကို App က ၆ ခုကြီးတောင်။ တကယ်က App တစ်ခုတည်းမှာသာ အကုန်လုံးထည့်နိုင်ရင်တော့ Customer Experience ကတော့ တော်တော်လေးကို ကောင်းမှာ။ မြန်မာနဲ့စာရင်တော့ UX ပိုင်းကတော့ Xin သုံးသလောက်လုံးဝ အဆင်မပြေ။ 


အောက်ကတော့ မြန်မာက အကိုတစ်ယောက် Japan Post Bank နဲ့ ပတ်သက်ပြီး အမြင်ကိုပြောပြထားတာပါ။ 

မြန်မာက AYAဘဏ်app UXညံ့တာကိုသာ ပြောနေကြတာ၊ ဂျပန်က လူတိုင်းသုံးရတဲ့ ဘဏ် JP bank appက အဆအများကြီး ပိုဆိုးတယ်။ UXတင်မဟုတ်ဘူး၊ service design ရောပဲ။ (UXကောင်းမကောင်းက ဘာသာစကားနဲ့မဆိုင်)

ငွေလွဲမယ်ဆို appက ၂ခုလိုပြီးတော့ ငွေလွဲဖို့ ခလုတ်ကလည်း nestedဖြစ်နေတယ်။Main screenပေါ်ကနေ တန်းသွားလို့က မရဘူး။ ဘေးဘက်က menuကလည်း function တွေအကုန်ထည့်ထားတာမျိုးဟုတ်မနေဘူး။ ဘာမှတန်းသွားလို့မရလို့ minimalist design လားဆိုတော့လည်း သတင်းစာတိုက်လို ရှုပ်ပွနေတာ။

ပြီးရင် ပုံမှန်ဘဏ်appတွေလို လွှဲပြီးသွားလို့ရှိရင် auto-screenshot မပါတဲ့အပြင် manually ရိုက်မယ်ဆိုလည်း တမျက်နှာက ကျော်နေပြန်ရော။

ငွေလွှဲ ငွေထုတ်ကလည်း auto SMS message ကလည်း မရှိပြန်တဲ့အပြင် bank appကလည်း notiမတက်ပြန်ဘူး။

ဒါပေမယ့် သူ့တင်ပဲလားဆိုတော့လည်း ဂျပန်က web, appတွေ အကုန်နီးပါး UX research မလုပ်ထားတဲ့ပုံပါပဲ။

ကြော်ညာနဲ့ branding တွေကိုသာ လှအောင်လုပ်ကြတာ။

Ko Phyo Thaw Kaung


いいなと思ったら応援しよう!